19 Aug 13, 06:07 PM
မင်းမင်း: အကိုရေ အကူညီလေးတောင်းချင်လို့ပါ Deep.freeze.Ent.v6.10.220.1616.exe လေးရှာပေးပါနော်

C-box မှာ ညီလေးတယောက်တောင်းထား တဲ့ Deep. Freeze ဆော့ ၀ဲ လေးတင်ပေးလိုက်ပါတယ်။ခု တင်ပေးတဲ့ ကောင်လေးက နောက်ဆုံးထွက် version လေးပါ။ ဒီကောင်လေးက အင်တာနက်ဆိုင် များ
နှင့် network ချိတ် ဆက်ထားတဲ့ ရုံး ၊လုပ်ငန်းတွေ မှာ အသုံးများတဲ့ ကောင်လေးပါ virus နဲ့ အခြား ကွန်ပျူတာ ကို ကလိ တတ်တဲ့ သူတွေ ရန် က ကာကွယ် ပေးမယ့် ကောင် လေးပါ ။Full version အ
တွက် keygen ထည့် ပေးထားပါတယ် ။

                                           




Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။
System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။
(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
(၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။
အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။
ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?
ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။
( www.sawlinux.org မှ ကူးယူဖေါ်ပြသည်။) အပြည့်စုံ သိချင်ရင် ဒီမှာ သွားကြည့်ပါ။

link 1 mediafire

link 2 Google drive

install လုပ် နည်း ဒေါင်းလိုဒ် ဖိုင်ထဲတွင် ပါပါ သည်။

enjoy'

0 comments:

Post a Comment

 
ANTI-LOBBY FORCE ဆော့ဝဲ၊ဂိမ်းနှင့်နည်းပညာ © 2013. All Rights Reserved. Powered by AUNG Hy