ဒီနေ့ တော့ ကျနော်ဖေါ်ပြပေးမယ့်နည်းလမ်းလေးကတော့ အကိုတစ်ယောက်စီဘောက်မှာ မေးထားလို့  တခြား မိတ်ဆွေများလဲ လေ့လာလို့ ရအောင် တင်ပေးရခြင်းဖြစ်ပါတယ်. Back up and restore ပြုလုပ်ခြင်းအကြောင်းလေးဖြစ်ပါတယ်.ဒီခေါင်းစဉ်က ဟိုးရှေးရှေးတုန်းက ကျနော်တို့ မြန်မာလူမျိုး ဆရာ့၊ဆရာကြီးတွေ အတော်များများ ရော၊ အခြားလူမျိုးတွေရောဘာသာစကားပေါင်းစုံနဲ့ အွန်လိုင်းပေါ်မှာ တင်ပြခဲ့ပြီးသားဖြစ်ပါတယ်. အခုမှဘာလို့ ကျနော်တင်ပြရသလဲဆိုရင် ရှင်း ရှင်းပြောရရင် မေးထားတဲ့မိတ်ဆွေ များရှိတဲ့အတွက်ရော၊ ကျနော့် ဆိုဒ်ထဲမှာပြီးပြည့်စုံစေချင်တာရော ၊လာရောက်လေ့လာတဲ့ မိတ်ဆွေများအတွက်နည်းပညာတစ်ခုခု ပါသွားစေချင်လို့ ရေးသားလိုက် ရခြင်းဖြစ်ပါတယ်။ ဒီပိုစ့်က အားလုံးအတွက် အရှင်းလင်းဆုံး၊ နားလည်နိုင်ဆုံး ဖြစ်စေရန်အတွက် အသေးစိတ်တစ်ဆင့်ချင်းကို ရှင်းလင်းဖေါ်ပြပေးထားတာဖြစ်ပါတယ်။
ကဲစလိုက်ကြရအောင် back up ဘာလို့ လုပ်ရသလဲဆိုရင် မိမိတို့ ရဲ့ ဝင်းဒိုးပြဿနာတွေ ခဏခဏတက်နေတဲ့အတွက် အစကနေပြန်ပြန်ပြီး Windows မတင်ချင်တာရယ်၊ မိမိအချိန် ကုန်ခံပြီးထည့်သွင်းထားတဲ့ program တွေကို Windows ကြောင့်၊ virus ကြောင့်၊ အခြားပြဿနာ တစ်ခုခုကြောင့် မပျက်ဆီး မဆုံးရှုံးခင်မှာ back up လုပ်ထားလိုက်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ back up Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား၊ Software တွေလည်း တင်ပြီးသား ဖြစ်သွားအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ အလွယ်ဆုံးနည်းပြောရရင် Windows Partition အပိုင်းတစ်ခုလုံးကို Image file အဖြစ် copy ကူးယူလိုက်ခြင်းဖြစ်ပါတယ်. 
မှတ်ချက်။   ။ back up လုပ်တယ်ဆိုတာ ဝင်းဒိုးတင်ပြီး အရေးကြီးလိုအပ်တဲ့ Program တွေ၊ Driver တွေ ထည့်ပြီးတဲ့ အချိန် မှာ လုပ်ထား သင့်ပါတယ်။ အချိန်ကာလကြာလာတာနဲ့ အမျှ ဝင်းဒိုးထဲမှာလဲ program တွေများလာမှာဖြစ်တဲ့အတွက် ဒီအချိန်ကြမှ back up လုပ်မယ်ဆိုရင် အချိန် အရမ်းကြာမှာဖြစ်ပြီ Restore ပြန်လုပ်မယ်ဆိုရင် လဲအချိန်တွေကြာနေ အုံးမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေများအနေနဲ့ အပေါ်မှာ ကျနော်ပြောခဲ့သလို ဝင်းဒိုးတင်ပြီး လိုအပ်တာတွေ ဖြည့်စွပ်ပြီးတဲ့ အချိန်မှာ back up လုပ်ပေးကြပါ ဒါမှ Windows ပြန်တင်ရတဲ့ ဒုက္ခ ၊ program တွေ ၊ Driver တွေ ထည့်သွင်း ရတဲ့ ဒုက္ခ မှကင်းဝေးမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ ပြောရမယ်ဆိုရင် ဝင်းဒိုးတစ်ခုလုံးကို back up မလုပ်ဘဲ မိမိအတွက် အသုံးဝင်တဲ့  program ကိုဘဲ back up လုပ်နိုင်တာပါ။ မိမိတို့  back up လုပ်တဲ့အချိန်များမှာ Data တွေကိုရွေးချယ်ပြီး back up လုပ်ခွင့်ရှိတာကို ရွေးချယ်ပေးခဲ့မယ်ဆိုရင် မိမိ back up လုပ်ချင်တာကိုဘဲ လုပ်နိုင်မှာဖြစ်ပါတယ်။ restore ပြန်လုပ်မယ်ဆိုရင်လဲ မိမိအသုံးပြုမယ့် back up file ကိုဘဲ restore ပြုလုပ်နိုင်ပါတယ်။
*********************************************
Back Up ပြုလုပ်နည်း

အရင်ဆုံး Back up လုပ်တဲ့အပိုင်းကိုအရင်သွားပါမယ်... မိတ်ဆွေများအရှင်းလင်းဆုံးဖြစ်အောင် ကျနော် ပုံလေးတွေနဲ့ ဖေါ်ပြပေးပါမယ်။
( ပုံ - ၁ )

( ပုံ - ၁ ) အတိုင်း  Control Panel ထဲက Backup and Restore ကိုသွားပါ။

( ပုံ - ၂ )
( ပုံ - ၂ ) အတိုင်း Set up backup ကို Click ပါ။

( ပုံ - ၃ )
( ပုံ - ၃ ) အတိုင်း မိမိသိမ်းမယ့် Partition  အပိုင်းတစ်ခုခုကိုရွေးချယ်ပေးရမှာပါ.ကျနော်ကတော့ Partition D: ထဲမှာ သိမ်းပြီးဖေါ်ပြမှာဖြစ်ပါတယ်။ တကယ်လို့ မိမိက စက်ထဲ မှာမသိမ်းချင်လို့ အခြား ကြိုက်နှစ်သက်ရာ memory storage မှာသိမ်းနိုင်ပါတယ်။ အဲဒီအတွက် အသုံးပြုမည့် memory storage ကိုမိမိစက်မှာတပ်ပြီး Refresh ကို click ပေးလိုက်ရင် မိမိရဲ့ memory storage ကိုဖေါ်ပြပေး လာပါလိမ့်မယ်။ ပြီးရင်  Next ကို Click  ပါ။

( ပုံ - ၄ )
( ပုံ - ၄ ) အတိုင်း back up ပြုလုပ်ရာမှာ မိမိကြိုက်နှစ်သက် ရာကိုဘဲရွေးချယ်နိုင်ဖို့ အတွက် Let me choose ကိုရွေးပေးပြီး Next ကို Click  ပါ။

( ပုံ - ၅ )
( ပုံ - ၅ ) အတိုင်း မိမိ back up လုပ်မည့် ဖိုင်တွေကိုအတည်ပြုပြီး  Next ကို Click  ပါ။

( ပုံ - ၆ )
( ပုံ - ၆ )  ကိုရောက်လာရင် Change schedule ကို click ပြီး ( ပုံ - ၇ ) အတိုင်း မိမိတို့  back up လုပ်ချင်တဲ့ အချိန်တွေ သက်မှတ်ပေးနိုင်ပါတယ်။

( ပုံ - ၇ )

( ပုံ - ၈ )
( ပုံ - ၈ ) အတိုင်း  Save settings and run backup ကို Click ပေးလိုက်ပါ။

( ပုံ - ၉ ) 
( ပုံ - ၉) အတိုင်း back up လုပ်နေတာကို ပြီးတဲ့အချိန်ထိ စောင့်နေပေးလိုက်ပါ။ပြီးသွားရင်တော့ back up လုပ်တဲ့အပိုင်းပြီးပါပြီ။ မိမိသိမ်းထားတဲ့  memory storage မှာသွားကြည့်လိုရင် WindowsImageBackup ဆိုတဲ့ Folder လေးတွေ့ ရပါလိမ့်မယ်.

အခုဆက်ပြီး Restore လုပ်တဲ့အပိုင်းကိုဆက်သွားကြရအောင်...

မိမိတို့ backup ပြုလုပ်ထားတဲ့ image file ကို ဘယ်လို restore ပြုလုပ်မလဲဆိုရင် အောက်ကပုံ လေးတွေ အတိုင်း တစ်ဆင့်ချင်းသွားရမှာဖြစ်ပါတယ်. Control Panel > Back up and  Restore ကို Click ပါ။

( ပုံ - ၁၀ )
( ပုံ - ၁၀ ) အတိုင်း Recover system setting or your computer ကို Click ပါ။

( ပုံ - ၁၁ )

( ပုံ - ၁၁ ) အတိုင်း ပြီးတော့ Advance recovery method ကို Click ပါ။

( ပုံ - ၁၂ )
( ပုံ - ၁၂ ) အတိုင်း ရောက်လာရင် ( Choose Advance recovery method ) တွင် မိမိသိမ်းထားခဲ့ တဲ့ Back up file မှတစ်ဆင့် Restore လုပ်မှာဖြစ်တဲ့အတွက် Use a system image you created earlier to recover your computer ကိုရွေးပြီး Click ပေးလိုက်ပါ။

( ပုံ - ၁၂ ) 
( ပုံ - ၁၂ ) အတိုင်း Restart ကို click ပေးလိုက်ပါ။
 ( ပုံ - ၁၃ ) 
( ပုံ - ၁၃ ) အတိုင်း  Next ကို Click ပါ။

 ( ပုံ - ၁၄ ) 
( ပုံ - ၁၄ ) အတိုင်း back up လုပ်ထားတဲ့ image file တည်နေရာကို  အလိုအလျောက် ဖေါ်ပြပေးပါလိမ့်မယ်။ Next ကို ဆက်ပြီး Click ပါ။

 ( ပုံ - ၁၅ ) 
( ပုံ - ၁၅ ) အတိုင်း  Next ကို Click ပါ။

 ( ပုံ - ၁၆ ) 
( ပုံ - ၁၆ ) အတိုင်း  Finish ကို Click ပါ။

( ပုံ - ၁၇ )
( ပုံ - ၁၇ ) အတိုင်း မိမိကွန်ပျူတာရဲ့ back up လုပ်ထားတဲ့ image file ကို restore ပြုလုပ်နေပါလိမ့်မယ် သူ့ ကိုလဲစောင့်နေပေးလိုက်ပါ.အားလုံးပြီးသွားရင် windows ပြန်တက်လာတဲ့အချိန်မှာ မိမိ windows ဟာ backup မလုပ်ခင်အချိန်က အတိုင်းပြန်လည်ရရှိမှာဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်...
 
copy from >> နေမင်းခေတ် (နည်းပညာ)

0 comments:

Post a Comment

 
ANTI-LOBBY FORCE ဆော့ဝဲ၊ဂိမ်းနှင့်နည်းပညာ © 2013. All Rights Reserved. Powered by AUNG Hy