Thursday, 20 June 2013

Temple Run 2 Game for andriod full version free download

Andriod ph များအတွက် ရုပ်ထွက်ကောင်းကောင်းနဲ စိတ်ဝင်စားဖွယ်ပြေးလွှားကစားရတဲ့ temple run 2 game full version လေးတင်ပေးလိုက်ပါတယ် ။


New Features In Temple Run 2:
* Beautiful new graphics
* New obstacles
* Gorgeous new organic environments
* More powerups
* More achievements
* Special powers for each character


DOWNLOAD HERE










ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ် ဟုဗိုလ်ချုပ်ပြောခဲ့သော်ငြား.......

ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။


ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ

Lattop ကနေ software သုံးစရာမလိုဘဲ အလွယ်တကူ wifi ပြန်လွှင့်နည်း

မိမိ lattop ကနေ connection ကို သူငယ်ချင်းနဲ့ ရှဲ သုံးချင်လို ဘဲ ဖြစ်ဖြစ် ကိုဖုန်းကဘဲ သုံးချင်လို ဘဲ ဖြစ်ဖြစ် Lattop ကနေ software သုံးစရာမလိုဘဲ အလွယ်တကူ wifi ပြန်လွှင့်လိုရပါတယ် ရှင်းပြနေရင် ရှုတ်နေမှာစိုးလို့ အောက်က video ဖိုင်လေးကြည့်ပြီး လိုက်လုပ်လိုက် ......နော်







 andriod ph ကနေ wifi ပြန်လွှင့်ချင် ရင်တော့ အောက်ကတိုင်းလုပ်လိုက်နော်

၁-setting ကိုသွားပါ
၂-network and wireless ထဲက more setting ကို ၀င်ပါ
၃-Tethering and portable hostpot ကိုထပ်ဝင်
၎-protable wifi host ကို on လိုက်ပါ အဲဒီမှာ configure ထဲမှာ ကိုပေးချင်တဲ နာမည်တို့ password တို့ ပေးလို့ ရတယ် ပြီးရင် wifi စလွှင့်နေပါပြီ ကိုယ့်ရဲ အခြားဖုန်း တို့ lattop တို့ ကနေ ပြန်ဖမ်းရင် ခုန ပေးထားတဲ နာမည် နဲ့ လိုင်းတခုပေါ်နေပါပြီ connect လုပ်ရင် တော့ ခုန က password ပေးထားခဲ့ရင် မှန်အောင် ရိုက်ပြီး စသုံးလို့ ရ ပြီ ။ (မှတ်ချက် ။ ph data connection ကို wifi မလွှင့်ခင် On ထားမှ connectin ရ မှာနော်)


ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ????? ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲ????

ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့…

မြောက်ကိုရီးယားနိုင်ငံဟာ လက်နက်များကို မြန်မာနိုင်ငံအပါအဝင် အီရန် နှင့် ဆီးရီးယားနိုင်ငံများသို့ တင်ပို့လျှက်ရှိပြီး ကုလသမဂ္ဂ ၏ အရေးယူမှုများ ကိုရှောင်ရှားရန်အတွက် ကြားခံ ကုမ္ပဏီများကို အသုံးချခဲ့ပါတယ်။၂၀၀၃ ဇူလိုင်လခန့်က မြောက်ကိုရီးယား ပညာရှင် ၁၅ဦးမှ ၂၀ ခန့်အထိ ရန်ကုန်ရှိ ရေတပ်စခန်းတစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခု၏ ဧည့်ရိပ်သာတစ်ခုမှာ တွေ့ရှိရကြောင်းကိုလည်း သတင်းပေါက်ကြားခဲ့ပါတယ်။

၂၀၀၈ခုနှစ်နိုဝင်ဘာလ အတွင်းမှာလည်း သူရရွှေမန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာသွားရောက်ခဲ့ ကြပါတယ်။နေပြည်တော်လေဆိပ်မှ အထူးလေယာဉ် ATR-72 ဖြင့် တရုပ်ပြည် ကူမင်းသို့၎င်း ထိုမှတဆင့် China Southern Airline CZ 6160 ဖြင့် ပေကျင်း လေဆိပ်သို့၎င်း ပေကျင်းလေဆိပ်မှ Korea Air Line JS-152 နှင့် မြောက်ကိုရီးယာ သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့သွားရောက်လေ့လာရာတွင် မြောက်ကိုရီးယား ရေတပ် စခန်း တစ်ခုကိုသွားရောက်လေ့လာရာတွင်၎င်းရေတပ်စခန်းကို ရေအောက်မျက်နှာပြင်မှ ရေမျက်နှာပြင်ပေါ်အထိ တည်ဆောက်ထားပုံ ရေယာဉ်များကို လုံခြုံစွာ ထိမ်းသိမ်းထားနှိုင်ရန် ဥမင်လှိုင်ခေါင်းတည်ဆောက်ထားပုံ ၎င်းဥမင်များကို ဒုံးပျံများ ပစ်ခတ်မှု ဒါဏ်ခံနှိုင်ရန် တည်ဆောက်ထားပုံတွေ လေ့လာခဲ့ကြပါတယ်။လေတပ်စခန်းတွင်လည်း တိုက်လေယဉ်များကို ဝင်ဆန့်မှု ရှိစေရန် ဥမင်လှိုင်ခေါင်းများတည်ဆောက် ထားပုံတွေနှင့် လေကြောင်းရန်ကာကွယ်ေ၇း လက်နက်ဖြစ်သည့် ပခုံးထမ်း ပဲ့ထိမ်း ဒုံး တပ်ဆင်ထားသော တင့်ကားပေါ်မှ စီးနင်းလိုက်ပါပြီး လေယာဉ် ရဟတ်များကို ပစ်ခတ်နှိုင်ရန် ဆက်စပ်ဖန်တီးထားပုံ မြေအောက်လှိုင်ခေါင်း အတွင်း Anti tank Missile များထုတ်လုပ် သည့် စက်ရုံများ တည်ဆောက်ထားပုံတွေ လေ့လာခဲ့ ကြပါတယ်။

မြောက်ကိုရီးယားတပ်မတော်နှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ အထူးတပ်ဖွဲ့ဆိုင်ရာ လေ့ကျင့်ရေး စစ်ဘက်ရေးရာ လုံခြုံရေး လေ့ကျင့်ရေး ဥမင်လှိုင်ခေါင်း စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်ရေး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်ရေး နှင့် နှစ်နိုင်ငံ ဘာသာစကားလေ့ကျင့်ရေး တို့ကို ဆွေးနွေးခဲ့ကြပါတယ်။မြောက်ကိုရီးယားမှလည်း လေယာဉ်နှင့် သင်္ဘောများ ထားရှိမည့် ဥမင်လှိုင်ခေါင်းများ အခြားစစ်ဘက်ဆိုင်ရာ အဆောက်အဦများ စသည့် မြေအောက်အဆောက်အဦများ ဆောက်လုပ်ရာတွင် ကူညီဆောင်ရွက်ပေးမည် ဟု ဂတိပြုခဲ့ကြပါတယ်။


Blog Page navigation အလွယ်ထည့်နည်း

blogger လူသစ်တွေအတွက် page navigation ကို widget generator လေးသုံးပြီး အလွယ်တကူထည့်လိုရပါတယ် အရင်လို html code တွေကို edit လုပ်စရာမလို ပါဘူး အောက်ကလင့်ကိုသွားလိုက်
http://24work.ucoz.com/24work-blogspot/page-navigation/colorful-page-navigation-generator.html
အဲဒီမှာ ကိုလိုချင်တဲ့ပုံစံလေးရွေးလို့ ရတယ် အောက်ကလင့်ကလဲ ပိုစုံပါတယ်
http://24work.blogspot.com/2012/01/numbered-page-navigation-for-blogger.html

ဘယ်လို install လုပ်လဲအောက်မှာဖတ်ကြည့်လိုက် လွယ်လွယ်လေးပါ



How To Install This Widget On Blogger :-

Customize the Given Options and Click on Generate button
Click Add to Blogger button to add this widget on your Blog