Blog မှာ widgets တွေကို scroll box လေးနဲ့ ထားချင်တဲ့ ဘလော့ဂါအသစ်များအတွက် html code နဲ့ 
ပြုလုပ်နည်း ကို မျှ ဝေရေးသားလိုက်ပါတယ် ။ဒီနည်းက မိမိ ကြိုက်တဲ့  widgets ကို scroll box ထဲ့
ထည့်ထားလို့ ရပါတယ်။ အများအားဖြင့် scroll box နဲ့ ထားတာကတော့ ကိုယ့်မိတ်ဆွေ ဘလော့
list တွေ တင်ပြီးခဲ့သမျှ blog archive list တွေကို scroll box ထဲ့ထည့်ထားတတ်ကြတယ် ဒီလိုဆိုတော့
lists တွေများလာလည်း scroll box ထဲမှဘဲ သပ်သပ်ရပ်ရပ် လေးနဲ့ ရှိနေမှာပါ။ လုပ်ချင်သူများအောက်မှာ
ဆက်ကြည့်သွားပါ။
scroll  box လုပ်နည်းက အဆင့် ၂ ဆင့်ရှိပါတယ် ။ပထမ အဆင့်ကတော့ ကိုယ်လုပ်မယ့် widget ရဲ့  ID
ကို သိရပါမယ် ။widget ID ကိုသိပြီဆိုရင် ဒုတိယ အနေနဲ့ အောက်မှာပေးထားတဲ့ html code ကိုယူပြီး template ,edit html မှာ သွားထည့် ပေးရ မှာပါ ။
အဆင့် ၁ widgets ID ကြည့်နည်း
blogger log in ၀င်ပါ
မှာ widget id ဆိုတာရှိပါတယ် အောက်ပုံကိုကြည့်ပါ။ ပုံမှာ ဆလက်ပေးထားတဲ့နေရာက widget id ကြည့်
ခုဆိုရင် widget ID သိပြီဆိုတော့ အဆင့် ၂ ဆက်သွားလို့ ရပါပြီ
အဆင့် ၂ html code ထည့်ခြင်း
template ကိုသွားပါ edit html  ကိုဝင်ပါ
  ]]></b:skin> ဆိုတာကို ရှာပါ (edit box ထဲ့မှာ Ctrl+F နှိပ်ပြီး search box မှာ ရှာခိုင်းတာကို copy
      ကူးပြီးရှာလို့ ရပါတယ်)
   ကူးပြီးထည့်လိုက်ပါ ။
/* Scroll box by anti-lobby.blogspot.com START */
#YourWidgetId .widget-content {
height: 200px;
overflow: auto;
}
yourwidgetId ဆိုတဲ့နေရာမှာ အဆင့် ၁ က ရှာထားတဲ့ widget ရဲ့ id ကို ထည့်ပါ
height နေရာမှာ ကိုထားချင်တဲ့ အနေအထား ပြောင်းထည့်ပါ ။ဒီမှာတော့ 200px ထည့်ထားတာပါ။
ပြီးရင် save ပါ ။
အခုဆိုရင် widget လေးက scroll box ထည့် ရောက်နေပါပြီ ဘလော့ ကိုပြန်ကြည့်လိုက်ပါအုံး။
အဆင်ပြေမယ်လို မျှော်လင့်ပါတယ်။ဒီနည်းက ကိုယ့်ကြိုက်တဲ့ widget ကို ID ရှာပြီး scroll box ထဲ့ထည့်
လိုရပါတယ်။
ဘလော့မှာ ကွန့် မန်ထားခဲ့လို ရပါတယ်။
enjoy'
0 comments:
Post a Comment
ANTI-LOBBY FORCE ဆော့ဝဲ၊ဂိမ်းနှင့်နည်းပညာ © 2013. All Rights Reserved. Powered by AUNG Hy