11 Sep 13, 03:26 PM
ထက်နိုင်:
အစ်ကိုရေ .. ကျနော့် PC မှာ Desktop ပေါ်က Folder ကို ဖျက်လို့ မရဘူး ဖြစ်နေတယ်။ သူငယ်ချင်း စက်မှာရောပဲ။ Shift+Del နဲ့လည်း မပျက်ဘူးဖြစ်လို့ ဖျက်လို့ရမယ့် နည်းလမ်းလေး ရှင်းပြပေးပါဦး အစ်ကို။
တခါတရံမှာတော့ ကျနော်တို့ Desktop ပေါ်က ဖိုင်တွေ၊ ဖိုဒါတွေကို ဖျက်မရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်..။ ဖိုင်တွေ ဖွင့်ကြည့်ရင်လည်း ဘာမှမရှိဘူး..၊ သုံးလို့လည်း မရ၊ ဖျက်ပစ်လို့လည်း မရတတ်တဲ့ အခါမျိုးတွေမှာ ဒီပိုစ့်ကနည်းလေးက အတော်လေး အဆင်ပြေတဲ့နည်းလေးပါပဲ..။ အခုလက်ရှိမှာတော့ ကျနော့် Desktop ပေါ်မှာ ဖျက်မရတဲ့ ဖိုင်မျိုး မရှိသေးပါဘူး..။ ဒါပေမယ့်လည်း ဒီလုပ်နည်းကို အသုံးပြုတတ်အောင်
ဒီပိုစ့်မှာ ဖိုင်တခုကို ဒီ CMD Command နည်းနဲ့ ဖျက်ပြထားပါတယ်..။ ဒီနည်းလေးကို အသုံးပြုတတ်သွားရင်တော့ Desktop ပေါ်က ဖိုင်မှ မဟုတ်ပါဘူး.. ဝင်းဒိုးတခုလုံးမှာ ရှိတဲ့ ဘယ်နေရာက ဖိုင်ကိုမဆို (ဝင်းဒိုးရဲ့မူရင်းဖိုင်တွေကလွဲလို့ တခြားဆော့ဝဲလ်တွေရဲ့ ဖိုင်တွေကို) ဒီနည်းနဲ့ အလွယ်တကူ ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်..။
တခြားအသုံးပြုလို့ ရတဲ့နည်း ကတော့ ဆော့ဝဲလ်နဲ့ ဖျက်တဲ့နည်းပါ..။ အရင်တုန်းက ပိုစ့်တင်ပေးခဲ့ဖူးတဲ့ Unlocker ဆော့ဝဲလ်လေးနဲ့လည်း Desktop ပေါ်က ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်ပစ်လို့ ရပါသေးတယ်..။ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင် ရှင်းပြပေးထားတဲ့ Unlocker အသုံးပြုနည်း ပိုစ့်ကို ပြန်လည်လေ့လာကြည့်လိုတဲ့ သူများကတော့ ကလစ်ပြီး ပြန်ကြည့်နိုင်ပါတယ်..။ အခု ဒီပိုစ့်က CMD Command နဲ့ ဖိုင်တွေ ဖျက်နည်းကို အောက်မှာ ပုံလေးတွေနဲ့ အသုံးပြုတတ်အောင်ပါ  တခါတည်း ပြပေးထားလို့ လေ့လာလိုသူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
ဒီပုံလေးကတော့ Delete နဲ့ ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်တဲ့အခါမှာ ပေါ်လာတတ်တဲ့ စာသားမျိုးတွေနဲ့ ဘောက်စ်လေးပါပဲ..။ Try again ကို နှိပ်ပေမယ့်လည်း ဖျက်ပစ်လို့ မရပါဘူး..။ အဲ့ဒီလို ဖျက်ပစ်လို့ မရတဲ့ ဖိုင်တွေကို ဒီ CMD Command နည်းကို အသုံးပြု၍ အလွယ်တကူ ဖျက်ပစ်လို့ ရမှာ ဖြစ်ပါတယ်..။


အရင်ဆုံး Search (or) Run မှာ cmd လို့ ရိုက်ထည့်ပြီး ကလစ် (or) OK နဲ့ CMD ဘောက်စ်ကို ဖွင့်လိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။



CMD ဘောက်စ်ပေါ်လာရင် အောက်ကပုံလေးအတိုင်း အရင်ဆုံး [ cd /d ] စာသားကို ရိုက်ထည့်ပြီး စာလုံးခြား (Space) ထားပါ..။ နောက်ပိုင်း ရိုက်ထည့်တဲ့ စာသားတွေမှာလည်း Space ခြားရမယ့် နေရာတွေကို သေချာကြည့်ပြီး၊ စာလုံးခြားပြီးမှ မှန်အောင် ရိုက်ထည့်ပေးပါ..။


ဒီအဆင့်မှာတော့ မိမိတို့ ကွန်ပျူတာရဲ့ User Name အမှန်ကို သိဖို့ လိုပါတယ်..။ တကယ်လို့ မိမိတို့ User Name မှာ နာမည်မပြောင်းထားဘူးဆိုရင် အောက်ကပုံလေးအတိုင်း ကလစ်ပြီး ကြည့်လို့ ရမှာ ဖြစ်ပါတယ်..။ နာမည် ပြောင်းထားပြီးသားဆိုရင်တော့ အရင်နာမည်ကို တွေ့အောင် ရှာပါ..။ ကျနော်ကတော့ အောက်ကပုံ ၂-ပုံ အတိုင်း ရှာယူပါတယ်..။


အောက်ကပုံကတော့ ဖျက်မရတဲ့ ဖိုင်ကို ဖွင့်လိုက်ပြီး မျှားပြထားတဲ့ နေရာကို ကလစ်လိုက်ရင် အောက်က ဒုတိယပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။


ဒီလို ဖိုင်တွေ ဖွင့်ကြည့်လို့ ရတဲ့ စက်တွေမှာ အောက်ကပုံအတိုင်း ဖွင့်ပြီး ဒီဖိုင်ရဲ့ လမ်းကြောင်းကို [ C:\Users\Lwinminbo\Desktop ] နေရာထိ စလက်ဆွဲပြီး copy ယူလိုက်ပါ..။


ဖွင့်ကြည့်လို့လည်း မရတဲ့ ဖိုင်မျိုးတွေဆိုရင်တော့ သူ့ရဲ့ဖိုင်လမ်းကြောင်းကို သိရအောင် ဒီအတိုင်း ရှာယူရမှာပါ..။ မိမိတို့ computer ကိုဖွင့်လိုက်ပါ..။ (C:) အပိုင်းကို ထပ်ဖွင့်ပါ..။ Users ကနေ အဝါရောင် သော့ပုံလေး ရှိတဲ့ဖိုင်ကို ဖွင့်ပါ..။ ပြီးရင် Desktop ဖိုင်ကို ထပ်ဖွင့်လိုက်ရင် ရပါပြီ..။ အောက်ကပုံမှာ (C:) ထဲကနေ သွားပြီး ဖိုင်လမ်းကြောင်းရှာတတ်အောင် ပုံတွေအားလုံး စုပြီး ပြပေးထားလို့.. သိပ်မမြင်ရရင်တော့ အောက်ကပုံကို ၂-ချက်ကလစ်ပြီး ပုံကြီးချဲ့ကြည့်နိုင်ပါတယ်..။ ပိုပြီး ကြီးကြီးကြည့်လိုရင်တော့ မိမိတို့စက်ထဲကို ရောက်အောင် Right Click >> Save image as နဲ့ သိမ်းပြီး မိမိတို့ စက်ထဲမှာ ပုံကြီးချဲ့ ကြည့်နိုင်ပါတယ်..။ ဒါကတော့ အပေါ်ပိုင်းက ပုံတွေနဲ့ ဒီအောက်ကပုံမှာ နောက်စက်တလုံးနဲ့ User Name မတူတာကို ပြပေးထားတာပါ..။ အဓိကကတော့ ဖိုင်လမ်းကြောင်း ရှာယူတတ်ဖို့ပါပဲ..။


အောက်ကပုံမှာ မြင်နေရတဲ့ [ cd /d ] စာသားနောက်မှာ အပေါ်ပုံတွေမှာ ရှာယူထားတဲ့ ဖိုင်လမ်းကြောင်း  [ C:\Users\Lwinminbo\Desktop ] ကို copy-paste နဲ့ ထည့်ပေးလိုက်ပါ..။


အောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ Enter တချက်ခေါက်ပေးလိုက်ပါ..။



Enter ခေါက်ပြီးရင်တော့ အပေါ်ပုံအတိုင်း ဆက်မြင်ရမှာ ဖြစ်ပြီး.. အဲ့ဒီနေရာမှာ [ dir /x ] စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..။




အပေါ်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်..။ အဲ့ဒီမှာ မိမိတို့ ဖျက်ပစ်လိုတဲ့ ဖိုင်နာမည် အတိုကောက်ကို ယူရမှာ ဖြစ်ပါတယ်..။ Desktop မှာ ပြထားတဲ့ ကျနော် ဖျက်ပစ်မယ့် ဖိုင်နာမည်ကို ဒီ CMD ထဲမှာလည်း ပေါ်နေတာ မြင်ရပါပြီ..။ အပေါ်ပုံမှာ အဝါရောင်နဲ့ မျှားထိုး ပြထားတဲ့ အတိုကောက်စာလုံးတွေကို [ rmdir /q /s (File Name) ] rmdir /q /s စာသားနောက်က Name နေရာမှာ အတိုကောက် စာလုံးတွေကို မှန်အောင် တလုံးချင်း ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးအတိုင်း ဖြစ်ရမှာပါ..။


အပေါ်ပုံအတိုင်း စာလုံးတွေ မှန်အောင် ရိုက်ထည့်ပြီးသွားရင်တော့ Enter ခေါက်လိုက်တာနဲ့ Desktop ပေါ်က ဖျက်မရတဲ့ ဖိုင်လေးကို ဒီနည်းနဲ့ ဖျက်ပစ်လိုက်လို့ ရသွားပါပြီ..။ အောက်ကပုံအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။



မိမိတို့ အသုံးမလိုတော့ဘူး ဆိုရင်တော့ အပေါ်ကပုံအတိုင်း CMD ကို Exit ရိုက်ထည့် Enter နှိပ်ပြီး ထွက်လိုက်လို့ ရပါပြီ...။ ဒီနည်းလေးကို အသုံးပြုတတ်သွားရင်တော့ ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်လို့ ရသွားပါပြီ..။ အားလုံးပဲ အသုံးပြုတတ်၍ အဆင်ပြေပါစေ..။
 
copy from>>:http://lwinminbo.blogspot.com >>thanks

enjoy'

1 comments:

  1. ကျေးဇူးပဲဗျာ desktop ပေါ်က file တစ်ခု ဖျက်မရလို့ ချိန်ကုန်နေတာ
    ကျွန်တော့စက်မှာတော့ rmdir /q /s နေရာမှာ
    del နဲ့ file အတိုကောက်နဲ့ လုပ်လိုက်တာ ရသွားတယ်။

    thanks for ur post!

    ReplyDelete

 
ANTI-LOBBY FORCE ဆော့ဝဲ၊ဂိမ်းနှင့်နည်းပညာ © 2013. All Rights Reserved. Powered by AUNG Hy