လူတိုင်း လူတိုင်းဟာ သူတို့ Smart Phone ကို ဘယ်အလုပ်ပဲခိုင်းလိုက်ခိုင်းလိုက် မြန်မြန်ဆန်ဆန် အလုပ်လုပ်တာကို လိုချင်ကြပါတယ်။အဲ့လို မြန်စေဖို့ ဆိုပြီး တစ်ချို့လူတွေဘာလုပ်လဲဆိုရင်
Internet ပေါ်မှာတွေ့တဲ့ Android Speed Booster လို Application တွေကို Free ပဲ ရရ ပိုက်ဆံနဲ့ ပဲပေးဝယ်ရ၀ယ်ရ Download လုပ်ပြီးထည့်တော့ဒါပဲ။



အမှန်တော့ အဲ့ဒီ Application တွေဟာ ဘာမှ ဟုတ်တိပတ်တိ မြန်အောင်လုပ်ပေးနိုင်တာမဟုတ်ဘူး။အဲ့ဒါကြောင့် ဘယ် Application/Software က သင့်ရဲ့ Android Smart phone ကိုမြန်အောင်ဘယ်လောက်လုပ်ပေးနိုင်တယ်ပဲပြောပြော မသုံးပါနဲ့။

ဒီမှာကြည့် Android က Windows မဟုတ်ဘူးဆိုတာလည်း သတိရအုံး။ Windows လို Software တွေကနေ အများကြီးပြုပြင်ထိန်းသိမ်းပေး ဖို့လည်းမလိုပါဘူး။
ထားပါတော့ လိုရင်းကို သွားမယ်။တကယ်လို့ သင့်ရဲ့ Android Phone ကို မြန်မြန်ဆန်ဆန် အလုပ်လုပ်စေချင်ရင် အခြေခံ လုပ်ကိုလုပ်ရမယ့် အချက်လေးတွေတော့ရှိတယ်။
လွယ်ပါတယ် ခက်ခက်ခဲခဲ လည်းမဟုတ်ပါဘူး။ကဲကြည့်ရအောင်။

1. Homescreen ကို Optimize လုပ်ပေးပါ။

ဟုတ်ကဲ့ ပထမဦးဆုံးအနေနဲ့ သင့် Android Phone ရဲ့ Homescreen ကိုရှင်းလင်းပေးပါ။ဆိုလိုချင်တာကဗျာ သင့်အတွက် လုံးဝမလိုအပ်တဲ့ Widget တွေကို ဖြုတ်လုက်ပါ။နောက်ပြီး Live Wallpaper တွေကိုမသုံးပဲ ရိုးရိုး Wallpaper တွေကိုပဲသုံးပါ။ဘာကြောင့်လည်း ဆိုရင် သင့်ရဲ့ Homescreen ကို Live Wallpaper နဲ့ Widget တွေနဲ့ load လုပ်တဲ့ အခါမှာ စက်ကို လေးသွားစေပါတယ်။ကိုယ့်ဖုန်းက အဟောင်း Model အနိမ့်ထဲကဆိုရင် ပြီးရော။ကျွန်တော်တို့ အနေနဲ့ ဆိုရင် Widget ကို သုံးကို မသုံးနဲ့လို့အကြံပေးချင်ပါတယ်။Widget တွေ Live Wallpaper
တွေမသုံးရင် နောက်ထက်ကောင်းကျိုးတစ်ခုက ဘက်ထရီအားကို ကြာကြာခံစေပါတယ်။

2.သင့်အတွက် မလိုအပ်တဲ့ Application တွေကို ဖြုတ်ပါ။

အော် ဒီ နေရာမှာ နောက်တစ်ခု ပြောအုံးမယ်။ Task Killer ဆိုတဲ့ Application လည်းမလိုအပ်ပါဘူး။သူကိုလည်းဖြုတ်ပါ။နောက်ထက် သင်လုံးဝ မသုံးတဲ့ Apllication တွေ သင့်အတွက် မလိုအပ်အသုံးမ၀င်တဲ့ Application တွေကို ဖြုတ်ပစ်ပါ။


3.အကောင်းဆုံး Browser ကို အသုံးပြုပါ။

လူတော်တော်များများ Phone ရဲ့ Built-in Browser ကိုအသုံးများကြပါတယ်။ အဲ့ဒီ Built-in Browserတွေဟာ Update မဖြစ်တာများပါတယ်။ဒါကြောင့် အခုနောက်ဆုံး ထွက်တဲ့ Web Browser ကိုအသုံးပြုသင့်ပါတယ်။ ဥပမာ- Google Chrome တို့ Firefox တို့လို Application တွေကို ပြောတာဖြစ်ပါတယ်။မယုံရင် အခုနောက်ဆုံးထွက်တဲ့ Browser ကို Install လုပ်ပြီး Built-in ပါတဲ့ Browser နဲ့ယှဉ်ကြည့်ပါ။
http://bloggerakm.blogspot.com မှကူးယူဖော်ပြပါသည်။
 
enjoy

0 comments:

Post a Comment

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
ANTI-LOBBY FORCE ဆော့ဝဲ၊ဂိမ်းနှင့်နည်းပညာ © 2013. All Rights Reserved. Powered by AUNG Hy